BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
အာဆီယံတွေ့ခွင့်တောင်းတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် ICRC နဲ့ ပေးတွေ့
ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC ကိုယ်စားလှယ်တွေ့ဆုံမှုဟာ နေပြည်တော်မှာ သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံခရီးစဉ် မစတင်ခင် သုံးရက်အလိုမှာ တိုက်ဆိုင်စွာ ဖြစ်ပေါ်လာတာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေကိုယ်စားလှယ်နဲ့ ပေးတွေ့တယ်လို့ နေပြည်တော်ထုတ်ပြ
ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေကိုယ်စားလှယ်နဲ့ ပေးတွေ့တယ်လို့ နေပြည်တော်ထုတ်ပြ၊ ငဝန်မြစ်ရေကာတာကျိုးတဲ့ လေးမျက်နှာမှာ ရေထပ်တက်လာ လို့ အကူအညီတွေလိုအပ်နေ တဲ့ သတင်းအပါအဝင် ဩဂုတ် ၃ ရက် နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
နေပြည်တော်နဲ့အပြိုင် SCEF အင်ဂျင်ပါဝါတည်ဆောက်နိုင်မလား
နေပြည်တော်မှာ စစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့တွေ့ဆုံချိန် SCEF ကလည်း နွေဦးတော်လှန်ရေးထဲပါဝင်နေဆဲ လက်နက်ကိုင်အဖွဲ့တချို့နဲ့ဆွေးနွေးလာတဲ့ နှစ်ဖက်အားပြိုင်မှု အခင်းအကျင်းက ပိုရုပ်လုံးပေါ်လာနေပါတယ်။
စပိန်ရွှေ့ပြောင်းအကျပ်အတည်းနဲ့ နိုင်ငံရေးမုန်တိုင်းထန်အောင် လူမှုကွန်ရက်ကလုပ်ခဲ့တာလား
မော်ရိုကိုနဲ့ဆက်လျက်က စပိန်ပိုင်နက် စီယူတာ(Ceuta)ကို ရွှေ့ပြောင်းသောင်းချီ တပြိုင်တည်း ၀င်ရောက်မှုဟာ ဥရောပရဲ့နိုင်ငံရေးအကွဲအပြဲကိုလည်း လှစ်ဟပြလိုက်ပါတယ်။
ရေမကြီးခင်နဲ့ ရေကျချိန်လုပ်ရမယ့်အချက်တွေ
ရေမကြီးခင်ကြိုတင်ပြင်ဆင်ရမယ့်အချက်တွေက အရေးကြီးသလို ရေကျသွားချိန်မှာ ဆောင်ရန်၊ ရှောင်ရန်တွေကလည်းအထူးသတိထားလုပ်ဆောင်ရမှာဖြစ်ပါတယ်။ ရေကျပြီးနောက်မဖြစ်မနေသတိထားရမယ့်အချက် ၆ ချက်ရှိပါတယ်။
အထူးစာမျက်နှာ
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
ရန်ကုန်ဘူတာကြီးမှာ ပျောက်ဆုံးခဲ့တဲ့ ၅ နှစ်သားကလေးရဲ့ ၄ နှစ်နီးပါးကြာ အိမ်ပြန်ခရီး
မောင်အောင်မင်းခန့်ရဲ့ဖြစ်စဉ်က မိသားစုနဲ့ကွဲကွာပြီး လမ်းပေါ်ရောက်သွားတဲ့ ကလေးတွေ၊ တောင်းရမ်းခိုင်းစေမှုနဲ့ ကလေးလုပ်သားခိုင်းစေမှုတွေကို ရင်ဆိုင်နေရတဲ့ကလေးတွေရှိနေတာကို မီးမောင်းထိုးပြပါတယ်။
ကြက်ဥဈေးတစ်လုံး ၇၀၀ ဖြစ်လာခြင်းရဲ့ နောက်ကွယ်မှာ ဘာရှိလဲ
သွင်းကုန်ကန့်သတ်ချက်၊ ကြက်စာနဲ့ ကာကွယ်ဆေးဈေးမြင့်တက်မှု၊ ကြက်ခြံပိတ်သိမ်းမှုနဲ့ ရောင်းလိုအားကျဆင်းမှုတွေက ကြက်ဥဈေးကိုတက်လာစေပါတယ်။
နေပြည်တော်က စစ်ရေးလေ့ကျင့်မှု - ရုရှားရဲ့လက်နက်အရောင်းမြှင့်တင်ရေးလား
TIGER-2026 ဟာ စခန်းသိမ်းလေ့ကျင့်မှုတစ်ခုထက်ပိုပြီး လက်နက်အရောင်းအဝယ်နဲ့ ပထဝီနိုင်ငံရေးအထိ ကျယ်ပြန့်တယ်လို့ အကဲခတ်တွေက ရှုမြင်ကြပါတယ်။
ချင်းတွင်းမြစ်ကို ဆန်တက်တဲ့စစ်သင်္ဘောတွေ စစ်ကိုင်းနဲ့ကချင်ကို စိုးမိုးဖို့လား
မြန်မာစစ်တပ်ဟာ ထောက်ပို့သင်္ဘောစုကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်မှုကြားကနေပဲ ချင်းတွင်းမြစ်ကြောင်းအတိုင်း ရေဆန်တက်စေပြီး စစ်ကိုင်းနဲ့ ကချင်ပြည်နယ်အစပ်အထိ အင်အားရောက်အောင် ပို့နေပါတယ်။
၂၀၂၆ ရခိုင်ရေဘေး - ကျန်းမာရေးပြဿနာနဲ့ စစ်ရေးအန္တရာယ်
၂၀၂၆ ရခိုင်ရေဘေးဟာ နှစ် ၂၀ အတွင်း အမြင့်ဆုံးစံချိန် ဖြစ်နိုင်တယ်လို့ ကမ္ဘာလုံးဆိုင်ရာ ရေလွှမ်းမိုးမှု ကြိုတင်သတိပေးစနစ် (GloFAS) က ထုတ်ပြန်ခဲ့သလို လူသေဆုံးမှုတွေလည်း ဖြစ်ခဲ့ပါတယ်။ စစ်တပ်ရဲ့ဖြတ်တောက် ပိတ်ဆို့ခံထားရတဲ့ရခိုင်ပြည်နယ်ထဲ ရေဘးအလွန် ဘာတွေ ကြုံနေရလဲ။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်

